Release date : 2024-03-06
Production country :
United Kingdom
Production company :
Disney+
Durasi : 30 Min.
Popularity : 8.8751
7.36
Total Vote : 164
ဒီရုပ်ရှင်ဟာ ခင်ဗျားတစ်ခါမှ မမြင်ဖူးတဲ့ စူပါဟီးရိုးလောကအကြောင်းပေါ့။ ဒီကစူပါဟီးရိုးတွေက စူပါဟီးရိုးတွေလို့တော့ပြောရခက်သား။ ဟီးရိုးမဟုတ်တဲ့ စူပါတွေပေါ့။ အများစုကတော့ စူပါငပေါတွေ။ သူတို့လောကမှာ စွမ်းအားတွေက အသက်၁၈ပြည့်ပြီးရင် ပေါ်လာတတ်တယ်။ သူတို့ရတဲ့စွမ်းအားတွေက အသုံးဝင်သလိုလို မဝင်သလိုလိုတွေချည်း။ တစ်ချို့စွမ်းအားတွေဆို ငါ့လခွီးဆိုပြီး အော်မိလောက်အောင် ကကျိုးကကြောင်နိုင်တယ်။ ဒီစူပါဟာသစီးရီးဟာ အစွမ်းတွေတင်စားတာမဟုတ်ဘဲ ပြောသမျှတွေ လုပ်သမျှတွေကလည်း ငစားတွေချည်းပါပဲ။ သူ့ဘာသာစားတာတင်မဟုတ်ဘဲ စူပါမန်း ဘတ်မန်း စပိုက်ဒါမန်းတို့ကို ထည့်ပြောင်ထားတာတွေလည်း ပါပြန်တာပါပဲ။ စားဖို့သက်သက်ရိုက်ထားတဲ့ကားလို့ ပြောရမလားတောင်မသိပါဘူး တစ်ပိုင်းကိုနာရီဝက်ပါပြီး နာရီဝက်လုံးနီးပါး ငစားပဲလုပ်နေတဲ့ ရှားပါးစူပါဟီးရိုးဇာတ်လမ်းတွဲပေါ့။ ဒစ္စနေပလက်ကကားလို့ပြောရမှာတောင် ယုံရခက်ကြီးပါပဲ။
Related Movies✨

1987

1995

2020

2001

2002

1967

2000

1987

2017

2001
