

A Friend of the Family
家庭之友
Release date : 2022-11-10
Production country :
United States of America
Production company :
Peacock
Durasi : 50 Min.
Popularity : 4.2003
6.74
Total Vote : 44
၁၉၇၀ ခုနှစ်ကာလ အမေရိကန်နိုင်ငံမှာ “ဘရိုဘာ့ဂ်” ဆိုတဲ့ မိသားစုတစ်ခု ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်အကြောင်းပါပဲ။ ဒီမိသားစုမှာ ဂျန်နီ ခယ်ရန် ဆူဇန် ဆိုတဲ့ သမီးလေး ၃ ယောက်ရှိပြီး တစ်မိသားစုလုံးဟာ ဘာသာရေးကိုင်းရှိုင်းကြသူတွေဖြစ်ပါတယ်။တစ်ရက်မှာတော့ သူတို့နေတဲ့မြို့ကို “ဘာ့ခ်ျထိုး” ဆိုတဲ့ မိသားစုတစ်စုပြောင်းလာပြီး ဘာသာရေးလိုက်စားသူ အချင်းချင်းဖြစ်တဲ့အပြင် သက်တူရွယ်သူ သား ၃ ယောက်ရှိနေတဲ့အထိ တိုက်ဆိုင်မှုတွေကဖန်လာတော့ အိမ် ၂ အိမ်ဟာ ရုတ်ခြည်းဆိုသလို ရင်းနှီးကျွမ်းဝင် သွားကြပါတော့တယ်။ဒီလိုနဲ့ဆွေမျိုးသားချင်းတွေလို နေလာခဲ့လိုက်တာ အချိန်တစ်ခုကြာလာတော့ ဘော့ဘ်ဘာ့ခ်ျထိုးဟာ တစ်ဖက်မိသားစုရဲ့ အကြီးဆုံးသမီးလေး “ဂျန်” ကို သူ့ရဲ့သားတွေအပါအဝင် အခြားကလေးတွေ အားလုံးထက်ပိုပြီး ထူးထူးခြားခြား အလေးပေးဆက်ဆံလာတာကို ဂျန် ရဲ့ ဖခင် မစ္စတာဘရိုဘာ့ဂ်က သတိထားမိလာပါတယ်။ သမီးဖြစ်သူ “ဂျန်” ကလည်း တချို့ကိစ္စတွေမှာ ဖခင်ထက်ပိုပြီး မစ္စတာဘာ့ခ်ျထိုးကို အားကိုးတာတွေ့လာရတော့ စိတ်ဘဝင်မကျဖြစ်လာတဲ့အတွက်သူ့မိသားစုကိုပိုပြီးအချိန်ပေးဖို့ ဆုံးဖြတ်လိုက်တဲ့နေ့မှာပဲ
Related Movies✨

1984

2013

2022

2021

2012

2025

1988

1985

2023

1970

2024

2023

2008

1990

1996

2013
