ဂါအူးစ် အီလက်ထရောနစ်

Release date : 2022-11-05

Production country :
South Korea

Production company :
ENA

Durasi : 48 Min.

Popularity : 7.7007

7.40

Total Vote : 32

ဂါအူးစ်လျှပ်စစ်ကုမ္ပဏီရဲ့ ကုမ္ပဏီတွင်းကအလွဲလေးတွေ ဝန်ထမ်းတွေရဲ့ ဝန်ထမ်းဘဝ အခက်အခဲလေးတွေကို ဟာသ နှောရိုက်ကူး ထားလို့ ပရိတ်သတ်တွေ အကြိုက်တွေ့မယ်လို့ ယုံကြည်ပါတယ်။ အီဆန်းရှစ်က ဂါအူးစ်ကုမ္ပဏီရဲ့ မာကတ်တင်းဌာနက အငယ်တန်း ဝန်ထမ်းတစ်ယောက်ဖြစ်ပါတယ်။ အမြဲတမ်း အလွဲ တွေလုပ်တတ်တဲ့သူဖြစ်တာကြောင့် သူ့ကိုခိုင်းလိုက်တိုင်း တစ်ခုမဟုတ်တစ်ခု လွဲချော်မှုတွေ ဖြစ်လေ့ရှိပါတယ်။ တစ်ရက် မှာတော့ ဥက္ကဋ္ဌကို လှောင်ပြောင်ထားတဲ့ ဗီဒီယိုတစ်ခုဟာ လိုင်းပေါ်မှာ ပြန့်သွားခဲ့တယ်။ ဒီဗီဒီယိုကို မှားပြီးတင် လိုက် တာကတော့ အီဆန်းရှစ်ပါပဲ။ စီနီယာဖြစ်သူ ချာနာရယ်ကတော့အီဆန်းရှစ်ကို အကြီးအကျယ်ဒေါသ ထွက်နေတော့တယ်။ ပြဿနာက တော်တော်ကြီးသွားပြီးတော့ နောက်ဆုံး မာကတ်တင်းအဖွဲ့တစ်ဖွဲ့လုံး ကြီးကြပ်ရေး ရုံးခန်း ရောက်ပြီး စစ်ဆေးရေးအဖွဲ့ရဲ့ စစ်မေးမှုကိုပါခံယူခဲ့ရပါတယ်။ ဒီလိုနဲ့သူတို့အဖွဲ့ရဲ့ အလွဲတွေကို ဖြေရှင်းနိုင်သွားမှာလား။ ဘယ်လို အလွဲလေးတွေ ထပ်ဖြစ်ပြီးတော့ ဘယ်လိုပြဿနာတွေတက်ဦးမလဲ ဆိုတာကို ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့် ရှုကြပါဦး။