

구필수는 없다
Gupilsuneun Eobsda, Хэзээч бүү шантар | Хэзээ ч бүү шантар, There Is No Goo Pil-soo, Never Give Up
Release date : 2022-06-23
Production country :
South Korea
Production company :
Seezn, Genie TV, ENA
Durasi : 66 Min.
Popularity : 2.5066
4.00
Total Vote : 9
Goo Pil Soo မှာ ငယ်ရွယ်စဉ်တုန်းက အရာရာတိုင်းအောင်မြင်ခဲ့တဲ့ သိုင်းပညာရှင်ဖြစ်ခဲ့ပေမဲ့ အသက်ကြီးလာပြီး မိန်းမနဲ့ သားလေးတစ်ယောက်ရလာတော့ အကြွေးကိစ္စ၊ အလုပ်ကိစ္စတွေ အဆင်မပြေဖြစ်လာခဲ့တယ်ကြက်ကြော်နဲ့ဘီယာဆိုင်လေးဖွင့်ထားပြီး ကိုယ်ပိုင်အိမ်မရှိတဲ့ဘဝမှာ ခက်ခက်ခဲခဲနေရတယ်ကိုယ့်ရဲ့သားလေးကိုလည်း သူများတွေနဲ့တန်းတူဖြစ်စေချင်ပေမဲ့ ငွေကြေးအခက်အခဲကြောင့် အမြဲစိတ်ညစ်နေရတယ် အဲဒါကြောင့် သူ့မိန်းမနဲ့ သူ့သားလေးအတွက် ပိုကောင်းမွန်တဲ့ဘဝလေးရလာဖို့ အမြဲကြိုးစားနေတဲ့ လူတစ်ယောက်ပေါ့ Jung Seok ကတော့ အရမ်းထက်မြက်ပေမဲ့ ဆင်းရတဲ့မိသားစုကနေပဲ ဆင်းသက်လာခဲ့တယ် မိဘတွေရဲ့အကြွေးတွေကိုဆပ်ဖို့ သူ့ရဲ့ဦးနှောက်ကို အသုံးချပြီး ဝါသနာပါတဲ့ Start-Up ဖန်တီးသူဖြစ်လာခဲ့တယ် ကိုယ်ဖန်တီးထားတဲ့ နည်းပညာတွေနဲ့ အောင်မြင်လာအောင် ကြိုးစားမယ့် လူငယ်လေးတစ်ယောက်ပါ။ သူတို့နှစ်ယောက်နဲ့ဆက်စပ်နေတဲ့ ချေးငွေပြဿနာတွေ၊ပညာရေးပြဿနာတွေ၊ဝန်ထမ်းပြဿနာတွေ၊ start-up ရဲ့ပြဿနာတွေနဲ့ လူတန်းစားခွဲခြားမှုတွေကို လက်တွေ့ကျကျဖော်ကြူးပြသထားတဲ့အပြင် ဟာသလေးနှောပြီး တစ်ငိုငိုတစ်ရယ်ရယ် နွေးနွေးထွေးထွေးကြည့်ရမယ့်ကားကောင်းလေးပါ။
Related Movies✨

2018

2019

2017

2019

2019

2003

2023

2021

2021

2022

2023

1988

2017

2021

2005

1994
