Release date : 2022-10-05
Production country :
Poland
Production company :
Netflix
Durasi : 44 Min.
Popularity : 5.8213
6.82
Total Vote : 128
ဒါကတော့ပိုလန်က ရေကြီးမှုဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ဇာတ်လမ်းပါ။ နယ်သာလန်မှာနေနေတဲ့ ပိုလန်ကဗရော့ ဆွာဖ်မြို့သူဇလဗေဒပညာရှင်ယက်ရှ်မီနာက ဗရော့ဆွာဖ်မှာရေကြီးတော့မယ်လို့ ခန့်မှန်းချက်ထုတ်လိုက်ပါတယ်။တခြား ဇလဗေဒ ပညာရှင်ကြီးတွေကတော့မဖြစ်နိုင်ဘူးဆိုပါတယ်။ မြို့တော်ဝန်ကတော့သေချာအောင်ဆိုပြီး ယက်ရှ်မီနာကို မြို့ဆီ ပြန်လာကူညီဖို့ဖိတ်ခေါ်ရာမှာ ဇာတ်လမ်းစတင်လာပါတယ်။ သဘာဝတရားနဲ့ရင်ဆိုင်ရမယ်ဆိုရင်တော့ လုပ်စရာ တစ်ခုပဲရှိပါတယ်။ အားလုံးအန္တရာယ်ကင်းရေးပါ။ သဘာဝတရားကိုပြန်တိုက်ခိုက်ဖို့ဆိုတာက မဖြစ်နိုင်သလောက်ပဲလေ။ ဗရော့ဆွာဖ်မှာ ရေကြီးမယ့်အရိပ်အယောင်စချိန်မှာပဲ ပညာရှင်တွေကြားကအယူအဆတွေ အားပြိုင်မှုတွေ လုပ်ဆောင် ချက်တွေ မြို့သူမြို့သားတွေရဲ့တုံ့ပြန်မှုတွေ ဒါ့အပြင်မြို့ပြန်ရောက်လာတဲ့ ယက်ရှ်မီနာရဲ့အတိတ်ဒရာမာတွေ အဲ့လိုအ ကြောင်းအရာတွေကို ဇာတ်လမ်းသွားခပ်သွက်သွက်နဲ့ တင်ဆက်ထားတာက ရေကြီးမှူအကြောင်းဘာမှမသိသူအတွက် တောင် စိတ်ဝင်စားစရာကောင်းပြီး ဗဟုသုတလဲအတော်ရတဲ့စီးရီးကောင်းတစ်ခုပါပဲ။
Related Movies✨

2013

2016

2024

2016

2020

2021

2016

2021

2021

2015
