Release date : 2023-09-17

Production country :
United States of America

Production company :
HBO

Durasi : 48 Min.

Popularity : 27.0018

7.71

Total Vote : 155

၁၉၆၀ – ၇၈ ကာလတွေမှာ LA Lakers အသင်းဟာ ဆုဖလား အောင်မြင်မှုတွေနဲ့ လက်တစ်ကမ်းအလိုကို ရောက်မှ အမြဲ တမ်းခါးသီးပြိုင်ဖက် Boston Celtics ရဲ့ နောက်ကောက်ချခြင်းကို တောက်လျှောက်ခံနေရသလို ဗိုလ်လုပွဲ၆ကြိမ်ဆက် တက်ပြီးမှ ၆ကြိမ်လုံးရှုံးခဲ့ရတာကလည်း Lakers တွေအတွက် အတော်ကို အထိနာစေခဲ့တာပါ။ ဒီလိုနဲ့ ၁၉၇၈-၇၉အ ရောက်မှာ LA Lakers တို့အတွက် ရွှေထီးဆောင်းစေမယ့် Winning Time အခိုက်အတန့်ကြီး၂ခု ဖြစ်ခဲ့ပါတယ်။ တစ်ခုက တော့ Dr.Jerry Buss က LA Lakers အသင်းကို ဝယ်ယူခဲ့တာဖြစ်ပြီး နောက်တစ်ခုကတော့ NBA ရဲ့ ၁၉၇၉ နွေရာသီ လူသစ်ရွေးပွဲမှာ Magic Johnson လို့ ခေါ်တဲ့ ၁၉နှစ်သား လူငယ်ကစားသမားလေးကို ခေါ်ယူခဲ့တာပါ။ ထိုအချိန်ကစလို့ ပိုင်ရှင် Dr.Buss, နည်းပြဖြစ်သူ Jerry West နဲ့ Johnson တို့ ကစားသမားအဖွဲ့ဟာ NBA သမိုင်းတလျောက်မှာ အအောင် မြင်ဆုံး ဖြစ်လာမယ့် LA Lakers အသင်းရဲ့ Golden Era ကို စတင်အကောင်အထည်ဖော်ခဲ့ပါတော့တယ်။ ဒီ Sports History series မှာတော့ LA Lakers အသင်းရဲ့ အောင်မြင်မှု၊ ကျရှုံးမှု၊ အနိမ့်အမြင့် အတက်အကျတွေကို Entertainment တဖြစ်လဲ Knowledge လည်းရမယ့် ပုံစံမျိုးနဲ့ ကြည့်ရှုရမှာပါ။