Release date : 1985-06-07
Production country :
United States of America
Production company :
Amblin Entertainment, Warner Bros. Pictures
Durasi : 114 Min.
Popularity : 12
7.51
Total Vote : 5,872
အပေါင်ငွေကိုဆက်ပြီးမသွင်းနိုင်တော့လို့အိမ်ကိုအသိမ်းခံရတော့မဲ့ Goon Docks မှာနေကြတဲ့“ဂူနီ” လို့ခေါ်တဲ့ မိုက်ကီ၊ ဘရန်း၊ မောက်ပ်၊ ချန့်ခ်၊ ဒေတာ တို့သူငယ်ချင်းတစ်သိုက်က သူတို့နောက်ဆုံး အတူရှိနေရမယ့် နေ့လေးကို ကျင်းပဖို့အတွက် မိုက်ကီနဲ့ ဘရန်း ညီအစ်ကိုတို့ရဲ့ အိမ်မှာစုပြီး ရောက်နေခဲ့ကြပါတယ်။ ဒီလိုနဲ့ မိုက်ကီတို့အိမ်ထပ်ခိုးပေါ်က မိုက်ကီအဖေ့ရဲ့ ပစ္စည်းတွေကိုမွှေနှောက်ကြရင်း နာမည်ကြီးပင်လယ်ဓားပြကြီး မျက်လုံးတစ်လုံး ဝီလီရဲ့ရတနာမြေပုံကိုတွေ့ရှိသွားပါတယ်။ ဒီလိုနဲ့သူငယ်ချင်းတစ်သိုက် အကိုကြီး ဘရန်းကို တစ်ပတ်ရိုက်ကာ အိမ်မှာထားပစ်ခဲ့ကြပြီး ရတနာမြေပုံထဲမှာပြောထားတဲ့နေရာကို လိုက်ရှာပါတော့တယ်။ ဖြစ်ချင်တော့ ရတနာသိုက်ကိုညွှန်ပြထားတဲ့ နေရာကနာမည်ကြီး ရာဇဝတ်မိသားစုဖြစ်တဲ့ ဖရာတဲလိစ် မိသားစုပုန်းခိုရာ နေရာဖြစ်နေပါတော့တယ်။ ဒီလိုနဲ့ ဖရာတဲလိစ် မိသားစုကိုရော၊ မျက်လုံးတစ်လုံး ဝီလီ လုပ်ထားပစ်ခဲ့တဲ့ထောင်ခြောက်တွေကိုရော ရှောင်းတိမ်းရင်းနဲ့ဂူနီ တစ်သိုက် ရတနာသိုက် ရှာပုံတော်ဖွင့်ကြပါတော့တယ်။
Related Movies✨

2001

1981

1993

1990

1924

1999

2020

1982

1994

2024
