The Family Stone


Release date : 2005-12-15

Production country :
United States of America

Production company :
Fox 2000 Pictures, The Family Stone, Major Studio Partners, Michael London Productions, Pan Productions, 20th Century Fox Television

Durasi : 103 Min.

Popularity : 2

6.29

Total Vote : 1,004

မိသားစုဆိုတာလူအမျိုးမျိုးစိတ်အထွေထွေတွေစုစည်းနေကြတဲ့အသိုက်အမြုံကြီးတစ်ခု။ စတုန်းမိသားစုကြီးဟာ ခရစ်စ္စမတ်အချိန်အခါတိုင်းအမြဲဆုံစည်းနေကြပါ။ သား ၃ယောက် သမီး၂ယောက်မိသားစု‌တွေနဲ့မြိုင်မြိုင်ဆိုင်ဆိုင်ရှိစမြဲ။ ဒီနှစ် ခရစ်စ္စမတ်မှာတမိသားစုလုံးရဲ့အချစ်တော်သားကြီးဖြစ်သူ အဲဗရက်က ချွေးမလောင်း‌လေးမဲရယ်ဒစ်ကိုမိတ်ဆက်ဖို့ခေါ်လာခဲ့ချိန်မှာတော့ အနေအထိုင်သိမ်မွေ့သလိုစည်းကမ်းတင်းကျပ်တဲ့ မဲရယ်ဒစ်နဲ့ ပွင့်ပွင့်လင်းလင်း ပျော်ပျော်ပဲနေတတ်တဲ့စတုန်းမိသားစုကြီးဟာပြသာနာတွေစတင်တက်လာပါတော့တယ်။ ကုန်းပေါ်ရောက်နေတဲ့ငါးလိုဖြစ်နေတဲ့မဲရယ်စ်တယောက်ဒီမိသားစုကြီးထဲကို၀င်ဆံ့နိုင်ပါ့မလား။ အထူးသဖြင့်သူ့ကိုမသိမသာရော သိသိသာသာ‌ရောအဲဗရက်ဘေးကနေကန်ထုတ်ဖို့ကြိုးစားနေကြတာတွေကိုသူမ တောင့်ခံနိုင်ပါ့မလား။ ဒီလိုပျော်ရွှင်စရာကောင်းတဲ့ခရစ်စ္စမတ်အချိန်အခါမှာသူမရောပျော်ရွှင်မှုအစစ်ရှာတွေ့နိုင်ပါ့မလားကို The family Stone ဆိုတဲ့မိသားစု ခရစ်စ္စမတ်ကားလေးမှာရှုစားပေးပါဦး