Release date : 1998-11-13
Production country :
United States of America
Production company :
Summer Knowledge LLC, Columbia Pictures, Mandalay Entertainment
Durasi : 100 Min.
Popularity : 6
5.37
Total Vote : 1,540
1997 ခုနှစ်ကထွက်ရှိခဲ့တဲ့ I Know What You Did Last Summer ဆိုတဲ့ ဆယ်ကျော်သက် horror, thriller ဇာတ်ကားရဲ့ နောက်ဆက်တွဲဇာတ်လမ်းပါ။ သူငယ်ချင်းတွေကိုသတ်ခဲ့တဲ့ စိတ္တဇလူသတ်သမားကို မတော်တဆသတ်မိခဲ့တဲ့ ကောလိပ်ကျောင်းသူဂျူလီဟာ တစ်နှစ်ကြာတဲ့အထိ အိပ်မက်ဆိုးတွေမက်ပြီး အရာရာကိုထိတ်လန့်နေဆဲပါ။ တစ်နေ့မှာ ဂျူလီရဲ့အခင်ဆုံးသူငယ်ချင်း အခန်းဖော် ကာလာမှာ ရေဒီယိုအစီအစဉ်တစ်ခုကနေပြီး ဘဟားမားကိုအပန်းဖြေခရီးလက်မှတ်လေးစောင်ရတဲ့အခါ ဂျူလီ၊ ကာလာရဲ့ရည်းစား တိုင်လာ နဲ့ ဂျူလီကိုတစ်ဖက်သတ်ကြွေနေတဲ့ သူငယ်ချင်းဝယ်လ်တို့ဟာ ကာလာကောင်းမှုနဲ့ ဘဟားမားကို ဂျူလိုင်လေးပိတ်ရက်အတွက် အလည်အပတ်သွားကြပါတော့တယ်။ ဒါပေမယ့် ကျွန်းပေါ်ရောက်တဲ့အခါ ဂျူလီတစ်ယောက် မူမမှန်တာတွေကို စသတိထားမိလာပြီး ခြိမ်းခြောက်စာတွေရလာတဲ့အခါမှာတော့ သူသတ်ခဲ့တဲ့ စိတ္တဇလူသတ်သမား ဘန် ဝဲလေ့စ်ဟာ မသေသေးတာကိုသိလိုက်ရပါတော့တယ်။ မုန်တိုင်းကြောင့် လှေအသွားအလာမရှိတဲ့ ကျွန်းပေါ်မှာ လူသတ်သမားလက်ကနေ သူတို့လေးယောက်လွတ်မြောက်နိုင်ပါ့မလားဆိုတာကို ရင်တထိပ်ထိပ်နဲ့ကြည့်လိုက်ကြရအောင်။
Related Movies✨

2019

2018

2017

2024

2019

2023

2011

1976

1982

1981

1982
